19:14
လူထုပါ၀င်နေတဲ့အတွက် ဒီကနေ့ စစ်အာဏာရှင်တော်လှန်ရေးအရှိန်အဟုန်ကြီးမားနေတာဖြစ်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF ဥက္ကဌ ခွန်ဘီးထူးက ဗွီအိုအေကိုပြောပါတယ်။ စစ်အာဏာရှင်စနစ်ကို တော်လှန်နေတဲ့ ၁၁၁၁ စစ်ဆင်ရေးကို ကာဒ်ဒေ့ရှ် တော်လှန်ရေး အင်အားစုတွေ ချီးကျူးခဲ့တဲ့အပေါ်ဂုဏ်ယူမိတယ်လို့ ဆိုပါတယ်။ | VOA Burmese
235.8K viewsNov 19, 2023
FacebookVOA Burmese
11:23
အာဏာသိမ်းပြီးကတည်းက ပထမဦးဆုံး နိုင်ငံတော်အလည်အပတ် ခရီးစဉ်အဖြစ် သွားရောက်ခွင့်ရခဲ့တဲ့ စစ်ကောင်စီ အကြီးအကဲရဲ့ ရုရှားခရီးစဉ်ဟာ အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ခံနေရတဲ့ ရုရှား-မြန်မာ နှစ်နိုင်ငံအတွက် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိနိုင်ပါသလဲ။ သုံးသပ်သူတွေရဲ့ အမြင်ကို အခြေခံပြီး အခုတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းမှာ မမြသဇင်အောင်နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားကြပါတယ်။ | VOA Burmese
24.7K viewsMar 12, 2025
FacebookVOA Burmese
7:33
လက်ရှိ ကျင်းပနေတဲ့ကုလသမဂ္ဂအထွေထွေညီလာခံကနေမြန်မာ့အရေး ဆုံးဖြတ်ချက်ချတဲ့အခါ ဆိုးရွားတဲ့လူ့အခွင့်အရေး ချိုးဖေါက်မှု ကျုးလွန်သူတွေအပေါ်အရေးယူနိုင်တဲ့အထိ ပိုမိုအားကောင်းတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်လာနိုင်ဖို့ ကြိုးပမ်းနေတယ်လို့သံအမတ်ကြီးဦးကျော်မိုးထွန်းက VOA ကိုပြောပါတယ်။မအိသန့်စင်တွေ့ဆုံမေးမြန်းထားပါတယ်။ | VOA Burmese
123.9K viewsSep 21, 2023
FacebookVOA Burmese
11:57
ရှမ်းမြောက်မှာ ယာယီစစ်ရပ်ဖို့ နှစ်ဘက်သဘောတူ၊ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ လာအိုအထူး ကိုယ်စားလှယ်နဲ့ စစ်ကောင်စီအကြီးအကဲ နေပြည်တော်မှာ တွေ့ဆုံ၊ NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့လည်း တွေ့၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင်တို့ တင်ပြထားပါတယ်။ | VOA Burmese
18.5K viewsJan 13, 2024
FacebookVOA Burmese
14:10
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အခြေအနေကို မြန်မာစစ်တပ်အနေနဲ့ ထိန်းချုပ်ကိုင်တွယ်နိုင်လိမ့်မယ်လို့ စစ်ကောင်စီပြောခွင့်ရသူက ပြောသွားသလို ဒီတကြိမ် စစ်ကောင်စီရဲ့ အာဏာသိမ်းမှုဟာ တကယ်ပဲ အောင်မြင်မှာလား။ မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာတင်မောင်သန်းကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။ Originally published at - https://burmese.voanews.com/a/myanmar-military-coup/5856087.html | VOA Burmese
4.2M viewsApr 17, 2021
FacebookVOA Burmese
8:09
မြန်မာနိုင်ငံ ပဋိပက္ခတွေကြားက သတင်းတု၊ သတင်းမှား အန္တရာယ် (တွေ့ဆုံမေးမြန်းခန်း) ရခိုင်ပြည်နယ်က ထိလွယ်ရှလွယ်တဲ့ အသိုင်းအဝိုင်းနှစ်ခုကြား ပဋိပက္ခတွေပိုပြီးကြီးထွားအောင် စစ်ကောင်စီက ဖန်တီးနေရာမှာ သတင်းတု၊ သတင်းမှားတွေပါ ဖြန့်ချိတဲ့ နည်းနာကို အသုံးပြုနေကြောင်း PVTV တာ၀န်ခံမန်နေဂျာ ဦးနေဘုန်းလတ်က ဗွီအိုအေကိုပြောပါတယ်။ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သတင်းဌာနဖြစ်တဲ့ ထိုင်းအခြေစိုက် PVTV ရုံးကိုသွားရောက်ပြီး မအင်ကြင်းနိုင်က ဦးနေဘုန်းလတ်ကို မေးမြန်းထားပါတယ်။ | VOA Burmese
25.8K viewsMay 27, 2024
FacebookVOA Burmese
2:51
အမေရိကန်သမ္မတ Trump အစိုးရက ရုရှားနဲ့ ယူကရိန်း စေ့စပ်ဆွေးနွေးနိုင်ဖို့ နှစ်ဘက်စလုံးနဲ့ ကြိုးပမ်းနေဆဲဖြစ်ပြီး ယူကရိန်းက ငြိမ်းချမ်းရေးအတွက် အဆင်သင့်ရှိတယ်လို့ ပြောဆိုထားပေမဲ့ ရုရှားတပ်တွေဟာ ဆက်လက်တိုက်ခိုက်နေဆဲပါ။ Ricardo Maruqina မော်စကိုမြို့တော်ကနေ သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။ | VOA Burmese
115.6K viewsFeb 3, 2025
FacebookVOA Burmese
12:41
ညီနောင် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး အောင်ပွဲသတင်းတွေ ကြားခဲ့ရပြီးတဲ့နောက် အလားတူ အောင်ပွဲသတင်းတွေထက် ဒေသတွင်းနဲ့ တော်လှန်ရေး အင်အားစုအချင်းချင်းကြား သဘောကွဲလွဲမှုတွေ၊ ပဋိပက္ခသတင်းတွေကို ပိုမိုကျယ်ကျယ်လောင်လောင် ကြားလာရပါတယ်။ ဒီပဋိပက္ခတွေက စစ်ကောင်စီ ဆန့်ကျင်ရေးကို ဘယ်လောက်ထိခိုက်နိုင်ပါသလဲ။ | VOA Burmese
31.1K viewsJun 5, 2024
FacebookVOA Burmese
3:19
အစ္စရေးနဲ့ ဂါဇာကမ်းမြှောင်က စစ်သွေးကြွတွေအကြား စစ်ရေးပဋိပက္ခ ကြီးထွားလာနေချိန်မှာပဲ အရှေ့အလယ်ပိုင်း အရေးနဲ့ ပတ်သက်လို့ ဥရောပ နိုင်ငံခေါင်းဆောင်တွေ အရေးပေါ် ဗွီဒီယိုကတဆင့် အစည်းအဝေး ဒီနေ့ ကျင်းပပါတယ်။ နေ့စဉ်သေဆုံးတဲ့ အရေအတွက်တိုးနေပြီး ဒီပဋိပက္ခအပေါ် ဥရောပနိုင်ငံတွေရဲ့ သဘောထားလည်း ကွဲလွဲလာပါတယ်။ | VOA Burmese
472.2K viewsOct 17, 2023
FacebookVOA Burmese
1:20
စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခက်အခဲတွေပေါင်းစုံကြုံနေရတဲ့ကြားက သတင်းတွေကို မီဒီယာကျင့်ဝတ်နဲ့အညီ ကြိုးစားတင်ဆက်နေတဲ့အကြောင်း ကရင်သတင်းဌာန (KIC)ရဲ့ အယ်ဒီတာချုပ်က ပြောပါတယ်။ WAN-IFRA သတင်းဆု အရှေ့တောင်အာရှဒေသ ကိုယ်စားပြု ချီးမြှင့်ခံရတဲ့ KIC အယ်ဒီတာချုပ် နန်းဖော့ဂေကို မခင်ဖြူထွေးက အမျိုးသမီးကဏ္ဍအစီအစဉ်အတွက် မေးမြန်းတင်ဆက်ထားပါတယ်။ ဗွီဒီယိုအပြည့်အစုံ - https://bit.ly/3yBGjZk | VOA Burmese
12.4K viewsMay 27, 2024
FacebookVOA Burmese
6:44
မြန်မာ့အရေးကို နိုင်ငံတကာအသိုက်အဝန်းကသာ အာရုံစူးစိုက်ပြီး အရေးယူဆောင်ရွက်ရင် အခြေအနေဆိုးကို ရှောင်နိုင်မယ်လို့ ကုလကိုယ်စားလှယ်ပြော၊ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် ပြည်ပထွက်ခွာသူဦးရေ ၄ဆလောက် မြင့်တက်၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် သတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။ | VOA Burmese
45.3K viewsMar 23, 2024
FacebookVOA Burmese
10:18
စစ်ကောင်စီ အရေးပေါ်အခြေအနေ ကြေညာထားကာလကို နောက်ထပ် ၆ လ သက်တမ်းတိုး၊ ကန်သမ္မတ ထရမ့်အစိုးရသစ် ရပ်ဆိုင်းတဲ့ အထောက်အပံ့ အစီအစဉ်တွေထဲ မြန်မာနိုင်ငံဆိုင်ရာ အစီအစဉ်အများအပြား ပါဝင်၊ စစ်မှုထမ်း အတင်းအကြပ်စုဆောင်းမှု အမျိုးသမီးတွေပါ၊ ဒီလို တပတ်အတွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။ | VOA Burmese
13.4K viewsFeb 1, 2025
FacebookVOA Burmese
7:23
အခုတလော စစ်တပ်ထိပ်တန်းဗိုလ်ချုပ်ကြီးတွေ၊အဆင့်မြင့်စစ်တပ်အရာရှိကြီးတွေ၊ဖမ်းဆီးခံရတာ၊ရာထူးကဖယ်ရှားခံရတဲ့သတင်းတွေမကြာခဏ တွေ့နေရပါတယ်။ စစ်အာဏာ သိမ်းပြီးကတည်းက နိုင်ငံရဲ့ အထွေထွေ အကြပ်အတည်း ပိုဆိုးသထက် ဆိုးလာချိန်မှာပဲ ဒီလို တပ်တွင်းပြောင်းလဲမှုတွေက ဘာသဘော ဖြစ်နိုင်ပါလဲ။ | VOA Burmese
1.1M viewsAug 14, 2023
FacebookVOA Burmese
9:31
စစ်ကောင်စီတပ်စခန်းတွေ TNLA တိုက်ခိုက်ခဲ့ပြီး ဝ တပ်တွေ တန့်ယန်းမြို့ဝင်ရောက်နေရာယူ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်းရီ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာစွန့်လွှတ်ရေး နားချဖို့ ဦးသိန်းစိန်ကို တိုက်တွန်း၊ ဒီလို တပတ်အတွင်းထိပ်တန်းရောက် ပြည်တွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။ | VOA Burmese
69.9K viewsJul 13, 2024
FacebookVOA Burmese
5:22
အာဏာသိမ်းစစ်ကောင်စီ ကျင်းပဖို့ စီစဥ်နေတဲ့ ရွေးကောက်ပွဲကို ကန့်ကွက်ပြီး စစ်ကောင်စီကို လက်နက်နဲ့ လေယာဥ်ဆီ ပိတ်ပင်ဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက နိုင်ငံတကာ အသိုင်းအဝိုင်းကို ထပ်မံ တောင်းဆိုလိုက်ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးပိတ် ဆွေးနွေးပွဲတရပ် ကြာသပတေးနေ့က ကျင်းပအပြီး သတင်းစာရှင်းလင်းပွဲမှာ အခုလို တိုက်တွန်းသွားတာပါ။ အပြည့်စုံကို မခင်ဖြူထွေးက စုစည်းတင်ပြပေးပါမယ်။ 🌐https://burmese.voanews.com/a/7957892.html | VOA Burmese
346.9K viewsJan 31, 2025
FacebookVOA Burmese
8:16
စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေနဲ့ ကြုံတွေ့နေရရုံသာမက ပြည်သူလူထုအနေနဲ့ နောက်ထပ်အကျပ်အတည်းအဖြစ် ရာသီဥတုပြောင်းလဲမှုဒဏ်ကိုပါ ပိုတိုးခံစားလာရတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူတွေက သတိပေးပါတယ်။ | VOA Burmese
18.8K viewsDec 4, 2023
FacebookVOA Burmese
6:35
မြန်မာ့အရေး ကုလ ပိုထိရောက်အောင်လုပ်ဆောင်ဖို့လိုအပ် (သံအမတ်ကြီးဦးကျော်မိုးထွန်း) ကုလသမဂ္ဂမှာ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီးအဖြစ် သူ့ကို နောက်တနှစ် ဆက်ပြီး အသိအမှတ် ပြုလိမ့်မယ်လို့ မျှော်လင့်ထားတဲ့ အကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။ ကုလသမဂ္ဂ အနေနဲ့ မြန်မာ့အရေးကို အခုထက်ပိုပြီး ထိရောက်တဲ့ နည်းလမ်းတွေနဲ့ ဖိအားပေး ဆောင်ရွက်ဖို့ လိုအပ်သလို ဒီအတွက် တွန်းအားပေး ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။ နယူးယောက်မြို့က မြန်မာ အမြဲတမ်းကိုယ်စားလှယ်ရုံးမှာ သံအမတ်ကြီး ဦးကျော်မိုး
30.4K viewsSep 20, 2024
FacebookVOA Burmese
2:26
အမေရိကန်သမ္မတ Donald Trump အစိုးရက ယူကရိန်းနဲ့ အရှေ့အလယ်ပိုင်းဒေသက စစ်ပွဲတွေအဆုံးသတ်နိုင်ဖို့၊ ကုန်သွယ်ခွန် တိုးကောက်ခံတာနဲ့ အမေရိကန်ပြည်ထောင်စုအစိုးရ ဝန်ထမ်းအင်အား လျှော့ချဖို့ ကြိုးပမ်းနေတာပါ။ ဒီသီတင်းပတ်အတွင်း ကွန်ဂရက်စ်လွှတ်တော်မှာ အစိုးရ ဆောင်ရွက်နေတာတွေနဲ့ ပတ်သက်ပြီးအမေရိကန်သမ္မတ Donald Trump မိန့်ခွန်းပြောရာမှာ အစိုးရ အကောင်အထည်ဖေါ်ဆောင်ရွက်နေတာတွေ ပါဝင်မယ်လို့ ခန့်မှန်းထားပါတယ်။ VOA သတင်းထောက် Veronica Balderas Iglesias ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် တင်ပြပေးထားပါတယ်။ | VOA Burmese
113.7K viewsMar 3, 2025
FacebookVOA Burmese
See more